The network connection is lost.

Banner Image

ယာဉ်တိုက်မှုဖြစ်စဉ်တစ်ခုအပြီး တော့တင်ဟမ်ကစားသမားနှစ်ဦးလုံးအဆင်ပြေကြပါတယ်လို့ အတည်ပြုခဲ့တဲ့ သောမတ်စ်ဖရန့်ခ်

ဇန်နဝါရီ ၂၇ ရက်၊ မော်တော်ယာဉ်မတော်တဆမှုဖြစ်စဉ်မှာ ပါဝင်ခဲ့ပေမယ့် အိုဒိုဘတ်ရော၊ မူအာနီပါ အန္တရာယ်ကင်းပါတယ်လို့ တော့တင်ဟမ်နည်းပြသောမတ်စ်ဖရန့်ခ်က အတည်ပြုခဲ့ပါတယ်။ ဇန်နဝါရီ ၂၈ ရက်(ဗုဒ္ဓဟူးနေ့)၊ ဖရန့်ဖတ်နဲ့ချန်ပီယံလိဂ်ပွဲစဉ်အတွက် တော့တင်ဟမ်ကြယ်ပွင့်နှစ်ဦး လေဆိပ်သို့ထွက်ခွာလာချိန် အခုဖြစ်စဉ် ပေါ်ပေါက်ခဲ့တာပါ။

အသက်-၂၁ နှစ်အရွယ် အိုဒိုဘတ်နဲ့ အသက်-၂၇ နှစ်အရွယ် မူအာနီတို့ သီးခြားမော်တော်ယာဉ်တွေနဲ့ ထွက်ခွာလာပြီးနောက် ဟတ်ဖို့ဒ်ရှိုင်းယားနယ်ရှိ ယာဉ်လမ်းကြောင်းရှုပ်ထွေးတဲ့ လမ်းမတစ်ခုမှာ မတော်တဆမှုဖြစ်စဉ်နဲ့ ကြုံတွေ့ခဲ့ပါတယ်။ ပွဲစဉ်မတိုင်ခင် သတင်းထောက်တွေနဲ့တွေ့ဆုံချိန် သောမတ်စ်ဖရန့်ခ်က ကံကောင်းထောက်မစွာနဲ့ ကစားသမားနှစ်ဦးလုံး ယာဉ်မတော်တဆမှုဖြစ်စဉ်မှ အန္တရာယ်ကင်းကင်းလွတ်မြောက်လာတယ်လို့  အတည်ပြုခဲ့ပါတယ်။

သောမတ်စ်ဖရန့်ခ်က “ မူအာနီနဲ့ အိုဒိုဘတ်၊ နှစ်ဦးလုံး အဆင်ပြေကြပါတယ်။ သူတို့နှစ်ဦးလုံး ကံမကောင်းစွာနဲ့ဘဲ အသေးစားယာဉ်မတော်တဆမှုဖြစ်စဉ်တစ်ခုမှာ ပါဝင်ပတ်သက်ခဲ့ပါတယ်။ အခြားသူတွေလည်း အန္တရာယ်မရှိခဲ့ပါဘူး။ တာယာကွဲသွားတာပါ။ သူတို့နှစ်ဦးလုံး ဒီညနည်းနည်းနောက်ကျပြီးမှ ခရီးထွက်လာပါလိမ့်မယ်”လို့ ပြောပါတယ်။

ဒီကစားသမားနှစ်ဦးလုံး ဂျာမနီခရီးစဉ်မှာ ပါဝင်လာပေမယ့် ချန်ပီယံလိဂ်ပွဲစဉ်အတွက် ပါဝင်ကစားနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါမယ်။