The network connection is lost.

Banner Image

ချဲလ်ဆီးမှ ကိုးလ်ပယ်လ်မာထွက်ခွာမယ်ဆိုတဲ့ ကောလာဟလတွေကို ရယ်ရယ်မောမောတုံ့ပြန်လိုက်တဲ့ ရိုစီနီယာ

ချဲလ်ဆီးနည်းပြရိုစီနီယာက အသင်းမှ ကိုးလ်ပယ်လ်မာ ထွက်ခွာတော့မယ်ဆိုတဲ့ ကောလာဟလတွေကို ရယ်ရယ်မောမောတုံ့ပြန်ခဲ့ပြီး နာပိုလီနဲ့ပွဲစဉ်အတွက် အင်္ဂလန်ကြယ်ပွင့် အဆင်သင့်ဖြစ်နေလိမ့်မယ်လို့ အတည်ပြုခဲ့ပါတယ်။လတ်တလောထွက်ပေါ်လာတဲ့သတင်းတွေအရ အသက်-၂၃ နှစ်အရွယ်ကိုးလ်ပယ်လ်မာက ချဲလ်ဆီးမှာ မပျော်မရွှင်ဖြစ်နေပြီး မန်ချက်စတာမြေဆီပြန်သွားဖို့အတွက် မန်စီးတီး(သို့)မန်ချက်စတာယူနိုက်တက်ကို မျှော်လင့်နေတယ်လို့ သိရပါတယ်။

အခုဘောလုံးရာသီမှာ ပယ်လ်မာက ဒဏ်ရာပြဿနာများစွာနဲ့ရုန်းကန်နေရပြီး ပရီးမီးယားလိဂ် ၁၂ ပွဲသာ ပါဝင်ကစားထားနိုင်ပါတယ်။ ဗုဒ္ဓဟူးနေ့၊ နာပိုလီနဲ့ရင်ဆိုင်ရမယ့် ချဲလ်ဆီးရဲ့ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် ရိုစီနီယာက ပယ်လ်မာထွက်ခွာမယ်ဆိုတဲ့ ကောလာဟလတွေကို ငြင်းဆန်ခဲ့ပါတယ်။

ရိုစီနီယာက “ အာမခံချက်တစ်ခုပေးဖို့အတွက် အကြောင်းပြချက် မရှိပါဘူး။ တကယ်လည်း လက်တွေ့မကျပါဘူး။ ဒီကောလာဟလတွေ ဘယ်နေရာမှထွက်လာသလဲဆိုတာတောင် မသိပါဘူး။ ဒါကြောင့် ဆွေးနွေးဖို့တောင် မလိုအပ်ပါဘူး။ ကိုးလ်ပယ်လ်မာလည်း ပျော်ရွှင်နေပါတယ်။ ထင်ကြေးပေးမှုတွေကို ရပ်တန့်ပစ်ဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် အချို့ထင်ကြေးတွေက အမှန်တရားနဲ့ ဝေးကွာလွန်းနေတာကြောင့် ဆွေးနွေးဖို့အတွက်တောင် အဓိပ္ပါယ်မရှိလှပါဘူး”လို့ ပြောပါတယ်။

ပွဲကစားဖို့အတွက် ပယ်လ်မာ အဆင်သင့်ဖြစ်နေပြီလားဆိုတဲ့မေးခွန်းကို ရိုစီနီယာက “အခုပွဲစဉ်အတွက် သူရှိနေပါလိမ့်မယ်”လို့ ရိုးရိုးရှင်းရှင်းတုံ့ပြန်ဖြေကြားခဲ့ပါတယ်။