The network connection is lost.

Banner Image

အယ်လ်ဟီလယ်ရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး ပီအက်စ်ဂျီမှာပဲ ဆက်ရှိနေဖို့ အာရုံစိုက်ထားတဲ့ ဒမ်ဘီလီ

ပီအက်စ်ဂျီတိုက်စစ်မှူးဒမ်ဘီလီက ဆော်ဒီပရိုလိဂ်ကလပ်အသင်းအယ်လ်ဟီလယ်ရဲ့ ချဉ်းကပ်မှုတစ်ခုကို တရားဝင်ငြင်းပယ်လိုက်တယ်လို့ သတင်းတွေအရ သိရပါတယ်။

သတင်းထောက် ဆာချာတာဗိုလိုင်ယာရီရဲ့ အဆိုအရ အသက် ၂၉ နှစ်အရွယ်ကစားသမားက ဥရောပချန်ပီယံတွေနဲ့ပဲ ဆက်ရှိနေချင်တဲ့သူ့ရဲ့ဆန္ဒကို အသင်းဆီ အသိပေးလိုက်ပြီလို့ သိရပါတယ်။

အယ်လ်ဟီလယ်အသင်းဟာ ဝက်စ်ဟမ်းကနေ ခရစ်ဆန်စီယို ဆမ္မာဗီးလ်ကို ယူရို ၆၅ သန်းဝန်းကျင်ဖြင့် ခေါ်ယူပြီးနောက် ၂၀၂၅ ခုနှစ်ဘော်လွန်းဒီအော်ဆုရှင်ကိုပါ ထပ်မံခေါ်ယူပြီး အားလုံးအံ့အားသင့်သွားအောင် လုပ်ဆောင်ဖို့ မျှော်လင့်ခဲ့ပါတယ်။ ဒါ့အပြင် ဒီဆော်ဒီပရိုလိဂ်ကလပ်အသင်းက အဲဗာတန်တိုက်စစ်မှူးအန်ဒီယာရီနဲ့လည်း အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါပေမဲ့ ဒမ်ဘီလီကတော့ ပီအက်စ်ဂျီနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး စာချုပ်သက်တမ်းတိုးမြှင့်သွားဖို့လည်း ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဒမ်ဘီလီက ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ပြိုင်ပွဲစုံ ပွဲ ၄၀ ကစားရာမှာ ဂိုး ၂၀ သွင်းယူပြီး ဂိုးဖန်တီးမှု ၁၁ ကြိမ်ပြုလုပ်နိုင်ခဲ့လို့ နောက်ထပ်အောင်မြင်တဲ့ ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းနိုင်ခဲ့ပါတယ်။ သူက ပီအက်စ်ဂျီအသင်းရဲ့ ချန်ပီယံလိဂ်နှစ်ကြိမ်ဆက်အောင်မြင်မှုမှာလည်း အဓိကအခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ခဲ့ပါတယ်။