အကျင့်ဆိုးတွေကြောင့် အင်္ဂလန်အသင်းတိုးတက်လာအောင် ပယ်လ်မာ မလုပ်ဆောင်နိုင်ဘူးလို့ ရွိုင်ကိန်းဝေဖန်
မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ရွိုင်ကိန်းက အင်္ဂလန်အသင်းရဲ့ပွဲစဉ်တွေနဲ့ လွဲချော်ခဲ့တဲ့ ချဲလ်ဆီးကြယ်ပွင့်ကိုးလ်ပယ်လ်မာကို ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်လိုက်ပါတယ်။
ပယ်လ်မာက ပေါင်ခြံကြွက်သားဒဏ်ရာကြောင့် သောမတ်စ်တူချယ်ရဲ့လူစာရင်းမှ နုတ်ထွက်ခဲ့ပြီး အခုနိုင်ငံတကာသီတင်းပတ်၊ အင်္ဂလန်အသင်းရဲ့နေးရှင်းလိဂ်ပွဲစဉ်လေးခုလုံးကို လွဲချော်သွားပါလိမ့်မယ်။
အသက် ၂၄ နှစ်အရွယ်ကစားသမားက ချဲလ်ဆီးမှာ ခြေစွမ်းကျဆင်းခဲ့ပြီးနောက် သောမတ်စ်တူချယ်ရဲ့လူစာရင်းမှာ မပါဝင်နိုင်လို့ နွေရာသီကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ခဲ့ဖူးပါတယ်။
အခုဘောလုံးရာသီ၊ အဖွင့်ပွဲစဉ်ခုနစ်ခုမှာ လေးဂိုးသွင်း၊ ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်ခြင်းဖြင့် တူချယ်လ်ရဲ့သဘောကျမှုကို ပယ်လ်မာ ဆွဲဆောင်နိုင်ခဲ့ပေမဲ့ ဒီကွင်းလယ်ကစားသမားက ပွဲပန်းမှုဆိုင်ရာစီမံခန့်ခွဲမှုအကြောင်းပြချက်နဲ့အတူ အသင်းမှ နုတ်ထွက်သွားပါတယ်။
တူချယ်က " အခွင့်အရေးတွေနဲ့ ပယ်လ်မာ အလွန်လွဲချော်လွန်းပါတယ်။ ကျွန်တော် သူ့ကို အပြစ်တင်တာမဟုတ်ပါဘူး။ ဒါက တကယ့်အရှိတရားပါပဲ။ သူက ဒဏ်ရာတွေကြောင့် စခန်းသွင်းလေ့ကျင့်မှုတွေနဲ့ အလွန်လွဲချော်လွန်းပါတယ်။ ကျွန်တော့်အသင်းထဲမှာ ကိုယ်တိုင်မြင်တွေ့ရတဲ့အရာတွေအပေါ်မှာပဲ အားကိုးလိုပြီး အဲ့ဒီအတိုင်းဖြစ်ဖို့ဆိုရင်တော့ စခန်းသွင်းလေ့ကျင့်မှုမှာ ရှိနေရပါမယ်" လို့ ပြောပါတယ်။
အခုတော့ အင်္ဂလန်အတွက် အရေးပါတဲ့ပွဲစဉ်တွေနဲ့ လွဲချော်သွားပြီးနောက် ၁၉၆၆ ခုနှစ်နောက်ပိုင်း ပထမဆုံးဆုဖလားအောင်မြင်မှုရှာဖွေနိုင်ရေးမှာ ပယ်လ်မာရဲ့အကူအညီ ဘယ်တော့မှမရရှိနိုင်ဘူးလို့ ယူဆထားတဲ့ ရွိုင်ကိန်းက ချဲလ်ဆီးကြယ်ပွင့်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။
"သူ တကယ်ပဲ ဒဏ်ရာရနေတယ်ဆိုရင်လည်း သူ့ဒဏ်ရာက ဘာပဲဖြစ်ဖြစ်ပါ... ဘရန့်ဖို့ဒ်နဲ့ ကစားတဲ့ သူ့ရဲ့ နောက်ဆုံးပွဲစဉ်ကို ကျွန်တော် ကြည့်ခဲ့ပါတယ်။ အကယ်၍ သူသာ အင်္ဂလန်ကို နောက်တစ်ဆင့်ဆီ ပို့ဆောင်ပေးပြီး ဆုဖလားတွေ ရယူပေးနိုင်လိမ့်မယ်လို့ ခင်ဗျားတို့ ထင်နေကြတယ်ဆိုရင်တော့ အဲဒါကို မေ့ပစ်လိုက်ပါတော့။
ကျွန်တော် ပယ်လ်မာကို သဘောကျပါတယ်၊ သူက ပါရမီရှိတဲ့ ကောင်လေးတစ်ယောက်ပါ။ ဒါပေမဲ့ ကျွန်တော့်အမြင်အရတော့ သူ့မှာ အကျင့်ဆိုးတွေ အရမ်းများလွန်းနေပါတယ်" လို့ ပြောပါတယ်။
ပယ်လ်မာက ဒဏ်ရာပြဿနာနဲ့ လူစာရင်းမပါဝင်မှုကြောင့် တူချယ်လက်အောက် စခန်းသွင်းလေ့ကျင့်မှု ရှစ်ကြိမ်အနက် ငါးကြိမ်ကို လွဲချော်ခဲ့ဖူးပါတယ်။ သူနဲ့ တူချယ်တို့အကြား သဘောထားကွဲလွဲမှုတွေ ဆက်လက်ပေါ်ပေါက်နေလို့ ယူရို ၂၀၂၈ နဲ့ လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲတွေကိုပါ လွဲချော်သွားမယ့်အန္တရာယ်ကြီးဆီ ပယ်လ်မာကိုယ်တိုင် တွန်းပို့နေသလို ဖြစ်နေပါတယ်။ ဒါက အင်္ဂလန်ပရိသတ်တွေအတွက် စိုးရိမ်စရာ ဖြစ်လာစေပါတယ်။