The network connection is lost.

Banner Image

ကိုနာတေး ထွက်ခွာတော့မယ်လို့ အတည်ပြုလိုက်တဲ့ လီဗာပူးအသင်း

လီဗာပူးအသင်းက ဗဟိုခံစစ်မှူးကိုနာတေးကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ပေးလိုက်ပြီလို့ အတည်ပြုကြေညာလိုက်ပါတယ်။

အသက် ၂၇ နှစ်အရွယ်ကစားသမားက ၂၀၂၁ ခုနှစ်၊ လိုက်ပ်ဇစ်မှ ရောက်ရှိလာပြီးနောက်ပိုင်း လီဗာပူးအသင်းအတွက် ၁၈၃ ပွဲအထိ ပါဝင်ကစားပေးခဲ့ကာ အသင်းရဲ့အဓိကကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လီဗာပူးအသင်းရဲ့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ချန်ပီယံအောင်မြင်မှုမှာလည်း ကိုနာတေးက အကောင်းဆုံးခြေစွမ်းပြပြီး ပါဝင်အားဖြည့်ပေးခဲ့ပါတယ်။

ဒါပေမဲ့ လတ်တလောမှာ လီဗာပူးအသင်းက စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ကိုနာတေးကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ပြုမယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီ၊ အာနိုးလ်ကို အမိအရခေါ်ယူခဲ့တဲ့ ပုံစံမျိုးနဲ့ပဲ ရီးရဲလ်မက်ဒရစ်အသင်းက ကိုနာတေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့လည်း သိရပါတယ်။