အာနိုးလ်နဲ့ လီဗာပူး ပြန်ပေါင်းစည်းနိုင်မလားဆိုတာ ခန့်မှန်းသုံးသပ်လိုက်တဲ့ ဒန်နီမာဖီ
လီဗာပူးကွင်းလယ်ကစားသမားဟောင်းဒန်နီမာဖီက ရီးရဲလ်မက်ဒရစ်မှ အာနိုးလ်ကိုပြန်ခေါ်ယူဖို့ မာဆေးဆိုဒ်ကလပ်အသင်းအကြီးအကဲတွေ စဉ်းစားလာဖွယ်မရှိဘူးလို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။ သတင်းတွေအရ အာနိုးလ်ကို လာမယ့်နွေရာသီမှာ အသင်းသစ်ရှာဖွေဖို့ ရီးရဲလ်မက်ဒရစ်အကြီးအကဲတွေ အကြုံပြုခဲ့တယ်လို့ သိရပြီး နောက်ပိုင်းမှာတော့ ဒီသတင်းတွေကို နည်းပြအာဘီလိုအာက ပယ်ချခဲ့ပါတယ်။
အပြောင်းအရွှေ့အလားအလာနဲ့ပတ်သက်လို့ မေးမြန်းရာမှာ ဒန်နီမာဖီက “ No. ကျွန်တော်ကတော့ ပရိသတ်တွေကိုယ်တိုင် လက်ခံပေးဖို့ခက်ခဲမယ့်အရာတစ်ခုလို့ ထင်ပါတယ်။ ကစားသမားအများစုကလည်း အသင်းဟောင်းဆီပြန်သွားပြီး အောင်မြင်မှုရှာဖွေလေ့မရှိပါဘူး။
ရှေ့ဆက်သွားပြီး အသင်းကိုတိုးတက်အောင်လုပ်ဖို့ကသာ အောင်မြင်မယ့်လုပ်ငန်းစဉ် ဖြစ်ပါတယ်။ ဒါကြောင့် ဒီအလားအလာက အမှန်တကယ်အလုပ်မဖြစ်နိုင်ပါဘူး”လို့ BestBettingSites ဆီ ပြောကြားခဲ့ပါတယ်။ အာနိုးလ်က အခုရာသီ၊ ရီးရဲလ်မက်ဒရစ်အတွက် ပြိုင်ပွဲစုံ ၁၁ ပွဲသာ ပါဝင်ကစားထားပါတယ်။