The network connection is lost.

Banner Image

မန်စီးတီးအတွက် ဘဏ္ဍာရေးဆိုင်ရာစီချက်ချက်ကို ရယ်ရွှင်ဖွယ်အလှည့်အပြောင်းတစ်ခုအဖြစ် ရှုမြင်ထားတဲ့ မာတာ

မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူဟောင်းဂျူအမ်မာတာက မန်စီးတီးရဲ့ ဘဏ္ဍာရေးဆိုင်ရာစွပ်စွဲချက်တွေနဲ့ပတ်သက်တဲ့ ဥပဒေရေးရာတိုက်ပွဲအလွန်ကာလမှာ သူကိုယ်တိုင်လည်း နောက်ကျပြီးမှ ပရီးမီးယားလိဂ်ချန်ပီယံဆုရှင်တစ်ဦး ဖြစ်လာနိုင်တယ်လို့ အရွှန်းဖောက်ပြောကြားလိုက်ပါတယ်။

အင်္ဂလန်နဲ့ စပိန်တို့ ထိပ်တိုက်ရင်ဆိုင်ရတဲ့ နေးရှင်းလိဂ်ပွဲစဉ်ကို ITV ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်ပြသချိန် မာတာက ဒီအမှုအခင်းတွေနဲ့ပတ်သက်တဲ့ သတင်းတွေကို ရည်ညွှန်းရင်း ဟာသလုပ်ပြောဆိုခဲ့ပါတယ်။

မာတာက "တကယ်တော့ ဒါက ကျွန်တော့်ဆီ တိုက်ရိုက်သက်ရောက်မှု ရှိနေပါတယ်"

"ကျွန်တော်ကတော့ ပွဲတွေ အများကြီးကစားခွင့်ရခဲ့ပြီး ဆုဖလားတချို့လည်း ရယူနိုင်ခဲ့လို့ ကံကောင်းခဲ့ပါတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်ဆုဖလားကိုတော့ ဘယ်တုန်းကမှ မရခဲ့ဖူးပါဘူး။ ဒါမှမဟုတ် ရပြီးသွားပြီလား?"

"ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ ကျွန်တော်မသိပေမဲ့ သူတို့ဘက်ကပြောတာ မှန်တယ်လို့ ထင်ပါတယ်။ ကွင်းတွင်းမှာ ဆုဖလားတွေ အနိုင်ယူခဲ့တာနဲ့ပတ်သက်ပြီး ရိုဒရီ ပြောသွားတာလည်း သဘာဝကျပါတယ်။ ကွင်းထဲမှာ သူတို့က ပိုကောင်းတဲ့ အသင်းဖြစ်ခဲ့တယ်လို့ သူ ခံစားရတာ သဘာဝကျပါတယ်။ ဒါပေမဲ့ ဒီလိုကိစ္စမျိုးကို လုပ်သင့်လုပ်ထိုက်တဲ့ အရာလို့ ဘယ်သူပြောနိုင်မှာလဲ?" လို့ ဆိုပါတယ်။

ဒီစပိန်ကစားသမားက အိုးထရက်ဖို့ဒ်မှာ ရှစ်ရာသီကြာ ဖြတ်သန်းခဲ့ပြီး မန်စီးတီး အရှိန်အဟုန်အကောင်းဆုံးကာလတွေမှာ မြို့ခံပြိုင်ဘက်ရဲ့နောက်မှာပဲ အမြဲတစေရာသီသိမ်းခဲ့တဲ့ ယူနိုက်တက်ရဲ့အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှစွဲဆိုထားတဲ့ ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းချိုးဖောက်မှုစွဲချက်တွေအနက် အားလုံးနီးပါးမှာ မန်စီးတီးအသင်း အပြစ်ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ဒီဖြစ်ပေါ်တိုးတက်လာမှုတွေကြောင့် အတိတ်ကာလကံကြမ္မာကို ပြောင်းလဲပေးနိုင်မလားဆိုပြီး မာတာက အရွှန်းဖောက်မေးခွန်းထုတ်လာခဲ့ပါတယ်။