The network connection is lost.

Banner Image

အင်္ဂလန်ကို အနိုင်ရရှိခဲ့ပြီးနောက် ပိုမိုတိုးတက်လာဖို့ အမြဲတမ်းကြိုးပမ်းနေတဲ့ စပိန်အသင်းလို့ ဒီလာဖွန်တေ ပြောကြား

နေးရှင်းလိဂ်ပွဲစဉ်အဖြစ် ဝင်ဘာလေကွင်းမှာ အင်္ဂလန်ကို နောက်မှလိုက်ကစားကာ ၂-၃ ဂိုးဖြင့် အနိုင်ယူပြီးနောက် စပိန်အသင်းရဲ့ရှုံးပွဲမရှိစံချိန်ကို ၃၉ ပွဲအထိ တိုးချဲ့နိုင်ခဲ့သော်လည်း အခုထက်မက ပိုမိုကောင်းမွန်လာနိုင်သေးတယ်လို့ နည်းပြဒီလာဖွန်တေက ပြောကြားခဲ့ပါတယ်။
 
ကမ္ဘာ့ဖလားချန်ပီယံဆုကို ဒုတိယအကြိမ်ဆွတ်ခူးပြီးနောက် ပထမဆုံးကစားရတဲ့ပွဲစဉ်မှာ စပိန်တွေက ပထမပိုင်းပွဲချိန်မပြီးဆုံးခင် ဂေါ်ဒွန်၊ ဟယ်ရီကိန်းတို့ရဲ့သွင်းဂိုးတွေနဲ့အတူ ပြိုင်ဘက်ရဲ့ဦးဆောင်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
 
ဒါပေမဲ့ ဥရောပချန်ပီယံတွေက အကောင်းဆုံးပြန်လည်တုံ့ပြန်နိုင်ခဲ့ပြီး ဘေလ်နာရဲ့ချေပဂိုး၊ ယူရို-၂၀၂၄ အနိုင်ဂိုးရှင်အိုရာဇာဘယ်လ်ရဲ့ နောက်တစ်ကြိမ်အနိုင်ဂိုးတို့နဲ့အတူ အဝေးကွင်းအဖိုးတန်နိုင်ပွဲကို ဖန်တီးယူခဲ့ပါတယ်။
 
"ဒီမျိုးဆက်ကစားသမားတွေ လုပ်ဆောင်ပြသနေတဲ့ အောင်မြင်မှုတွေက တကယ့်ကို ထိုက်တန်မှုရှိပါတယ်။ သူတို့တွေ ပိုမိုတိုးတက်လာအောင် အမြဲတမ်း ကြိုးစားနေကြပါတယ်။ ကိန်းဂဏန်းအချက်လက်တွေကပဲ အရာရာကို သက်သေပြနေပါတယ်။
 
စပိန်အသင်း လုပ်ဆောင်နေတဲ့ အရာတွေက မယုံနိုင်လောက်အောင် ခက်ခဲလှပါတယ်။ လာမယ့်ခရိုအေးရှားနဲ့ပွဲစဉ်ကိုလည်း ကျွန်တော်တို့ရဲ့နောက်ဆုံးပွဲစဉ်တစ်ခုလိုမျိုး သဘောထားပြီး ရင်ဆိုင်သွားပါမယ်။ ဒီကစားသမားတွေက အမြဲတမ်း ပိုမိုတိုးတက်ချင်နေကြပါတယ်" လို့ ဒီလာဖွန်တေက ပြောပါတယ်။
 
ပွဲစဉ်အစပိုင်းမှာ ဂူဟီရဲ့အမှားကို ယာမယ်လ် အကောင်းဆုံးအဆုံးသတ်ကာ သွင်းဂိုးအဖြစ် ပြောင်းလဲပြီးနောက် စပိန်တွေအတွက် ပြီးပြည့်စုံတဲ့ စတင်မှု ဖြစ်လာခဲ့ပါတယ်။

ဘော်လွန်းဒီအော်ဆုကို ပထမဆုံးအကြိမ်ရယူဖို့ အိပ်မက်မက်နေတဲ့ ယာမယ်လ်က လာမယ့်လအတွင်း လန်ဒန်မြို့ဆီ နောက်တစ်ကြိမ်ရောက်ရှိလာနိုင်ပါတယ်။
 
အသက် ၁၉ နှစ်အရွယ် ကစားသမားလေးနဲ့ပတ်သက်လို့ "သူ့ရဲ့ စွမ်းဆောင်ရည်က ထူးခြားပြောင်မြောက်ပြီး သူ့လိုကစားသမားမျိုး ပိုင်ဆိုင်ထားရတာ ကျွန်တော်တို့ ကံကောင်းပါတယ်" လို့ ဒီလာဖွန်တေက ထပ်လောင်းပြောကြားပါတယ်။
 
"သူက ပွဲစဉ်ရဲ့တောင်းဆိုတဲ့ပုံစံအတိုင်း အတိအကျကစားပေးသလို သူ့ရဲ့ကိုယ်ပိုင်အရည်အချင်းတွေနဲ့ အသင်းဖော်တွေရဲ့အားသာချက်တွေကို ပေါင်းစပ်အသုံးချနိုင်စွမ်း ရှိပါတယ်" လို့ ဆိုပါတယ်။