The network connection is lost.

Banner Image

ပီအက်စ်ဂျီအသင်း အပြိုင်အဆိုင်ကနေ နှုတ်ထွက်သွားတာကြောင့် ဂျူလီယန် အယ်လ်ဗာရက်ဇ်ကို ခေါ်ယူဖို့ ဘာစီလိုနာ ရေပန်းအစားဆုံးဖြစ်လာ

အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူး ဂျူလီယန် အယ်လ်ဗာရက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းမှုကနေ ပီအက်စ်ဂျီ အသင်း နှုတ်ထွက်သွားပြီလို့ သတင်းတွေ ထွက်ပေါ်လာတာကြောင့် သူ့ကို ခေါ်ယူနိုင်ဖို့ ဘာစီလိုနာအသင်းက အခွင့်အရေး အသာဆုံး ဖြစ်နေပါတယ်။

အသက် ၂၆ နှစ်အရွယ် အယ်လ်ဗာရက်ဇ်ဟာ ဒီနွေရာသီမှာ အက်သလက်တီကိုကနေ ထွက်ခွာလိမ့်မယ်လို့ အများက ခန့်မှန်းထားကြပြီး အသင်းဘက်က မရောင်းချင်ဘဲ ဘယ်လောက်ပဲ တားဆီးနေပါစေ သူကတော့ ထွက်ခွာဖို့ များနေတာ ဖြစ်ပါတယ်။

ဒီတိုက်စစ်မှူးကို ခေါ်ယူဖို့ ပီအက်စ်ဂျီ၊ အာဆင်နယ်နဲ့ ဘာစီလိုနာတို့က အပြင်းအထန် ချိတ်ဆက်နေကြပေမဲ့ ဟန်စီဖလစ်ရဲ့ ဘာစီလိုနာအသင်းက တခြားအသင်းတွေထက်စာရင် ပိုပြီးတော့ အလေးအနက် စိတ်ဝင်စားနေတာပါ။

Diario AS သတင်းဌာနရဲ့ ဖော်ပြချက်အရ အယ်လ်ဗာရက်ဇ်ရဲ့ ကိုယ်စားလှယ်တွေနဲ့ ပဏာမ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက်မှာ PSG အသင်းဟာ သူ့ကိုခေါ်ယူမယ့် အစီအစဉ်ကနေ နှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

အယ်လ်ဗာရက်ဇ်ကိုယ်တိုင်က ပီအက်စ်ဂျီ ကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိ၊ မရှိ ဆိုတာအပေါ် ပီအက်စ်ဂျီ ဘက်က သေချာရေရာမှု မရှိတာကြောင့် အခုလို ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဒါဟာ ဘာစီလိုနာအသင်းအတွက် အပြောင်းအရွှေ့ကို စိတ်ကြိုက် ဦးဆောင်ခွင့် ရသွားစေခဲ့ပါတယ်။