သူအကြိုက်ဆုံးအသင်းက ယူနိုကတ်က်ဖြစ်တယ်လို့ လီယာအို ဝန်ခံ
မန်ချက်စတာယူနိုက်တက်အသင်းဟာ နွေရာသီမှာ လူစာရင်းကို အကြီးအကျယ် ပြင်ဆင်ဖို့အတွက် ရာဖေးလ် လီယာအိုကို ခေါ်ယူဖို့ မျက်စိကျနေပါတယ်။
အိုးထရက်ဖို့ဒ်ရဲ့ ရည်မှန်းချက်ကြီးမားတဲ့ အပြောင်းအရွှေ့ အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အေစီမီလန် တောင်ပံကစားသမား လီယာအိုကို မန်ယူက စောင့်ကြည့်နေတာပါ။
မိုက်ကယ် ကားရစ်ကို အသင်းရဲ့ အမြဲတမ်း နည်းပြချုပ်အဖြစ် အတည်ပြုလိုက်ပြီးနောက် မန်ယူအသင်းဟာ ၂၀၂၅-၂၆ ပရီးမီးယားလိဂ် ရာသီအကုန်မှာ ရလဒ်ကောင်းတွေနဲ့အတူ ချန်ပီယံလိဂ် ဝင်ခွင့်ကို ရရှိခဲ့ပါတယ်။
ကားရစ်ကြောင့် ရရှိလာတဲ့ တည်ငြိမ်မှုတွေက လာမယ့်ရာသီမှာ အသင်းဟာ ဆုဖလားကြီးတွေကို စိန်ခေါ်နိုင်မယ်ဆိုပြီး ပရိသတ်တွေရဲ့ ယုံကြည်မှုကို မြှင့်တင်ပေးနိုင်ခဲ့သလို မန်ယူအကြီးအကဲတွေကလည်း ကွင်းလယ်လူဟောင်း ကားရစ်အတွက် အပြောင်းအရွှေ့ အသုံးစရိတ် အများအပြား ချပေးသွားမှာ ဖြစ်ပါတယ်။
မားသီးယပ်စ် ကွန်ညာ၊ ဘရိုင်ယန် အမ်ဘီယူမိုနဲ့ အာမတ် ဒီယာလိုတို့ ခြေစွမ်းပြနေပေမဲ့လည်း ကားရစ်က သူ့ရဲ့ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့အတွက် လူသစ်တွေ ရှာဖွေနေတယ်လို့ သတင်းထွက်နေပြီး လီယာအိုက သူ လိုချင်တဲ့ ကစားသမားမျိုး ဖြစ်နေနိုင်ပါတယ်။ လီယာအိုဟာ ပြီးခဲ့တဲ့ နွေရာသီက ဟန်ဆီ ဖလစ်ရဲ့ နီကို ဝီလျံကို မရခဲ့တဲ့အတွက် ဒုတိယ အစီအစဉ်အဖြစ် ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ခဲ့ဖူးပေမဲ့ နောက်ဆုံးမှာတော့ လာလီဂါ ချန်ပီယံ ဘာစီလိုနာဟာ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို အငှားနဲ့ ခေါ်ယူဖို့ မန်ယူနဲ့ သဘောတူညီမှု ရခဲ့ပါတယ်။
Football Insider ရဲ့ ဖော်ပြချက်အရ အေစီမီလန်ဟာ ချန်ပီယံလိဂ် ဝင်ခွင့် လွဲချော်ခဲ့ပြီးနောက် လီယာအိုရဲ့ ပြောင်းရွှေ့ကြေးကို လျှော့ချဖို့ ပြင်ဆင်နေပြီး ကားရစ်က အသက် ၂၆ နှစ်အရွယ် ကစားသမားအတွက် ယူရို ၄၀ သန်း (ပေါင် ၃၄.၅ သန်း) ဝန်းကျင်နဲ့ စတင် ကမ်းလှမ်းနိုင်ခြေ ရှိနေပါတယ်။
မန်ယူဟာ ပြီးခဲ့တဲ့ ရာသီက ၁၀ ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့ လိုင်လီ ကြယ်ပွင့်ဟောင်းအတွက် အပြိုင်အဆိုင် ကမ်းလှမ်းမှုတွေ ဖြစ်လာမှာကို ရှောင်ရှားချင်နေပေမဲ့ ကစားသမားကိုယ်တိုင်ကတော့ သူ့ရဲ့ အရင်က ပြောကြားချက်တွေအရ မန်ချက်စတာကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေနိုင်ပါတယ်။ "ကျွန်တော် (မန်ချက်စတာ) ယူနိုက်တက်ကို ကြိုက်တယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့ အိုင်ဒေါက စီရော်နယ်လ်ဒို ဖြစ်နေလို့ပါ၊ ဒါကြောင့် အရင်က သူတို့ပွဲတွေကို ကြည့်ဖြစ်ခဲ့တယ်၊ အာဆင်နယ်ကိုလည်း ကြိုက်ပါတယ်" လို့ ၎င်းက ပြောကြားခဲ့ဖူးပါတယ်။