အီရာအိုလာကို လီဗာပူးနည်းပြသစ်အဖြစ် မြင်တွေ့ရမယ့် အချိန်ခန့်မှန်းချက် ထွက်ပေါ်လာ
လီဗာပူးအသင်းက အီရာအိုလာကို သူတိုရဲ့နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလျှင်အမြန်လုပ်ဆောင်နေပါတယ်။
ပြီးခဲ့တဲ့စနေနေ့၊ အသင်းနဲ့ နှစ်နှစ်ကြာလက်တွဲခဲ့တဲ့ အန်းစလော့ကို ရာထူးမှထုတ်ပယ်လိုက်ပြီးနောက် လစ်လပ်နေတဲ့ လီဗာပူးနည်းပြသစ်ရာထူးအတွက် အီရာအိုလာက ထိပ်ဆုံးမှရေပန်းစားနေပါတယ်။
နာမည်ကျော်သတင်းထောက်ဘန်ဂျက်ကော့ဘ်ရဲ့အဆိုအရ ကြိုးကြာနီတွေက အသက်-၄၃ နှစ်အရွယ်နည်းပြနဲ့ သဘောတူညီမှုရရှိဖို့ အလွန်နီးစပ်နေပြီး တရားဝင်နည်းပြသစ်အဖြစ် ခန့်အပ်မှုကို လာမယ့်သီတင်းပတ်မကုန်ဆုံးမီ ထုတ်ပြန်ကြေညာနိုင်မယ်လို့ သိရပါတယ်။
စပိန်လူမျိုးနည်းပြအတွက် လေဗာကူဆင်အသင်းရဲ့စိတ်ဝင်စားမှုလည်း ရှိထားပေမဲ့ ဘုန်းမောက်မှထွက်ခွာမယ်ဆိုတဲ့ ကြေညာချက်ထွက်ပေါ်လာပြီးချိန်ကတည်းက လီဗာပူးရဲ့ရေဒါထဲမှာ အီရာအိုလာ ရှိနေခဲ့ပါတယ်။
ဒီနေရာမှာ ချဲလ်ဆီးနည်းပြသစ်ရာထူးကို အလွန်ဆိုလက်ခံလိုက်ပြီးနောက် လီဗာပူးအသင်းက နောက်ထပ်အရည်အသွေးမြင့်နည်းပြတစ်ဦးကို လက်မလွှတ်လိုက်ချင်လို့ အခုသီတင်းပတ်ကုန်ပိုင်းမှာပဲ အန်းစလော့ကို ရာထူးမှထုတ်ပယ်ခဲ့တယ်ဆိုတဲ့ အငြင်းပွားစရာအချက်အလက်တစ်ခုလည်း ရှိနေပြန်ပါတယ်။
အတိတ်မှာလည်း အီရာအိုလာက ပရီးမီးယားလိဂ်မှာ ဆက်လက်ကျင်လည်ချင်သေးတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ဖူးပြီး မာဆေးဆိုဒ်ကလပ်အသင်းကို စိတ်လှုပ်ရှားစရာအခန်းကဏ္ဍသစ်တစ်ခုဆီ ဦးဆောင်ခေါ်ယူသွားနိုင်မလား စောင့်ကြည့်သွားရပါမယ်။