The network connection is lost.

Banner Image

ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီး နှုတ်ဆိတ်နေမှုကို ချိုးဖျက်ကာ ပထမဆုံးအကြိမ်လူလုံးပြလာတဲ့ မာဂယ်လ်ဟေးစ်

ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရတဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွင်း အဆုံးအဖြတ်ပင်နယ်တီ လွဲချော်ပြီးနောက် ခံစားရတဲ့ နာကျင်မှုဝေဒနာအကြောင်း မာဂယ်လ်ဟေးစ်က ဖွင့်ဟလာပါတယ်။

ဘူဒါပက်ပွဲစဉ်ရဲ့ပယ်နယ်တီအဆုံးအဖြတ်ခံယူချိန် ပီအက်စ်ဂျီကစားသမားလူးကပ်စ်ဘာရယ်ဒိုက ဂိုးသွင်းယူကာ ချန်ပီယံဆုကာကွယ်ဖို့ အခြေအနေကောင်းအောင် လုပ်ဆောင်နိုင်ခဲ့ပြီးနောက် ဘရာဇီးလ်နောက်ခံလူမာဂယ်လ်ဟေးစ်က အာဆင်နယ်အတွက် ပဉ္စမမြောက်ပင်နယ်တီကို ကန်သွင်းခဲ့ပါတယ်။ ဒီအချိန်မှာ ပြိုင်ပွဲကို ဆက်လက်အသက်သွင်းထားနိုင်ဖို့ မာဂယ်လ်ဟေးစ်ကိုယ်တိုင် ဒီပင်နယ်တီကို မဖြစ်မနေဂိုးဝင်အောင် သွင်းယူနိုင်ဖို့လည်း လိုအပ်နေခဲ့ပါတယ်။

ဒါပေမဲ့ မာဂယ်လ်ဟေးစ်ရဲ့ပင်နယ်တီကန်ချက်က ဂိုးဘားပေါ်ကျော်တက်သွားခဲ့ပြီး ပီအက်စ်ဂျီအတွက် နှစ်နှစ်ဆက်ဥရောပချန်ပီယံဖြစ်အောင် အတည်ပြုပေးလိုက်သလို ဖြစ်သွားခဲ့ပါတယ်။ ဒါက ခေတ်သစ်ချန်ပီယံလိဂ်သမိုင်းတလျှောက် လက်ရှိချန်ပီယံဘွဲ့ကိုကာကွယ်နိုင်ခဲ့ ဒုတိယမြောက်ကလပ်အသင်းအဖြစ် ပီအက်စ်ဂျီကို မှတ်တမ်းဝင်စေခဲ့ပါတယ်။

ပင်နယ်တီလွဲချော်သွားချိန်မှာ မာကွင်ဟို့စ်နဲ့ အာဆင်နယ်အသင်းဖော်တွေကိုယ်တိုင် မာဂယ်လ်ဟေးစ်ဆီ လာရောက်နှစ်သိမ့်အားပေးခဲ့ကြပေမဲ့ ဗဟိုခံစစ်မှူးအတွက်တော့ ဒုတိယဆုတံဆိပ်ကို လက်ခံရယူချိန်တောင် သိသိသာသာစိတ်ထိခိုက်နေခဲ့ပါတယ်။

"ဒါ တကယ်ကို နာကျင်စရာပါပဲ၊ ဒါပေမဲ့ ဒီအသင်းနဲ့ ဒီရာသီမှာ ကျွန်တော်တို့ အတူတကွအောင်မြင်ခဲ့သမျှ အရာအားလုံးအတွက် ဂုဏ်ယူပါတယ်" လို့ သူက အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။

"ခြေလှမ်းတိုင်းမှာ ကျွန်တော်တို့ကို အမြဲအားပေးခဲ့ကြတဲ့ အံ့ဩစရာကောင်းတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ကိုယ်တိုင် ဒီခရီးစဉ်ကို ကျွန်တော်တို့နဲ့အတူ ဆင်နွှဲဖို့နဲ့ ဒီနေ့ပြုလုပ်မယ့် အောင်ပွဲခံလှည့်လည်မှုကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းဖို့လည်း ထိုက်တန်ပါတယ်။ နောက်ရာသီမှာ ပြန်တွေ့ကြမယ်!!! ချစ်ခြင်းများစွာဖြင့် Big Gabi" လို့ ဆိုခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာ ပြုလုပ်ခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်ဖလားအောင်ပွဲခံလှည့်လည်ပွဲမှာလည်း ပရိသတ်တွေက ဘရာဇီးလ်နောက်ခံလူအတွက် ရှင်းလင်းတဲ့ သတင်းစကားတွေပါတဲ့ နဖူးစည်းစာတန်းတွေ ကိုင်ဆောင်ကာ ဂါဘရီရယ်မာဂယ်လ်ဟေးစ်ကို အားပေးခဲ့ကြပါတယ်။