The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်နဲ့ချိတ်ဆက်ထားတဲ့ ကောလာဟလတွေကို တုံ့ပြန်လာတဲ့ စတုဂတ်နည်းပြဟိုးနက်စ်

စတုဂတ်နည်းပြဆီဘက်စတီယန်ဟိုးနက်စ်က ရီးရဲလ်မက်ဒရစ်အသင်းရဲ့နည်းပြသစ် ဖြစ်လာမယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်လို့ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

The Athletic ရဲ့ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်အသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီးနောက် အာဘီလိုအာရဲ့နေရာကို လာမယ့်နွေရာသီမှာ အပြောင်းအလဲပြုလုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဒါကြောင့် စပိန်ထိပ်သီးကလပ်က အစားထိုးခန့်အပ်မယ့် နည်းပြလောင်းစာရင်းကို ပြုစုနေပြီး အဲဒီစာရင်းထဲမှာ စတုဂတ်နည်းပြဟိုးနက်စ်လည်း ပါဝင်နေတယ်လို့ သိရပါတယ်။

ဒီည၊ ဖရိုင်းဘတ်အသင်းနဲ့ ရင်ဆိုင်ရမယ့် ပိုကယ်လ်ဖလားဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်ခင် သတင်းမီဒီယာတွေနဲ့တွေ့ဆုံချိန် ဟိုးနက်စ်က ရီးရဲလ်မက်ဒရစ်နည်းပြသစ်ရာထူးနဲ့ပတ်သက်လို့ များများစားစား ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပါဘူး။

"ဒီသတင်းတွေက ကျွန်တော့်ကို ဘာသက်ရောက်မှုမှ မရှိပါဘူး" လို့ သူက ဆိုခဲ့ပြီး လက်ရှိမှာတော့ ရာသီရဲ့နောက်ဆုံးအဆင့်ပွဲစဉ်တွေအပေါ် အပြည့်အဝအာရုံစိုက်ထားတယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။