The network connection is lost.

Banner Image

မိုဒရစ်အနေနဲ့ အေစီမီလန်မှာ နောက်ထပ် ၃ နှစ်လောက်အထိ ဆက်ကစားနိုင်သေးတယ်လို့ ရာကီတစ်အခိုင်အမာပြော

ဟိုက်ဒပ်စပလစ်အသင်းရဲ့ နည်းစနစ်ဒါရိုက်တာဖြစ်သူ အိုင်ဗန် ရာကီတစ်က လူကာ မိုဒရစ်အနေနဲ့ လာမယ့်ရာသီမှာလည်း အေစီမီလန်အသင်းအတွက် ဆက်လက်ကစားပေးနိုင်လိမ့်မယ်လို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။

အသက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့ မိုဒရစ်ဟာ လက်ရှိမှာ ရိုဆိုနေရီ (အေစီမီလန်) အသင်းနဲ့ ၁၂ လသက်တမ်းရှိတဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတာပါ။

ရာကီတစ်က La Repubblica သတင်းစာနဲ့ အင်တာဗျူးမှာ သူရဲ့ ခရိုအေးရှားအသင်းဖော်ဟောင်းနဲ့ ပတ်သက်ပြီး "သူ နောက်ထပ် ၂ နှစ် ဒါမှမဟုတ် ၃ နှစ်လောက်အထိ ဆက်ကစားနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ မီလန်မှာက အရာအားလုံး အဆင်ပြေနေတာပါ။ လူကာကလည်း ပျော်ရွှင်နေသလို ကလပ်အသင်းကလည်း သူ့အပေါ် ကျေနပ်မှုရှိနေပါတယ်" လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ကိုမိုအသင်းရဲ့ ကွင်းလယ်လူ မာတင် ဘာတူရီနာနဲ့ ပတ်သက်ပြီးတော့လည်း ရာကီတစ်က "ကျွန်တော်တို့ဆီမှာ ဘာတူရီနာရှိပါတယ်။ သူဟာ ကိုမိုအသင်းမှာ တိုက်စစ်ကွင်းလယ်လူတစ်ယောက်အနေနဲ့ အရည်အသွေးတွေ တက်လာနေပါပြီ။ သူ အသစ်အဆန်းတွေနဲ့ အသားကျဖို့အတွက် လအနည်းငယ်လောက်တော့ အချိန်ယူခဲ့ရပါတယ်။ ဇာဂရက်မှာတုန်းကတော့ သူက ဘုရင်တစ်ပါးလိုပါပဲ၊ ဒါဟာ အသားကျနေတဲ့ နေရာတစ်ခု (comfort zone) ကနေ ခွဲထွက်လိုက်ရတဲ့ သဘောပါပဲ" လို့ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။