The network connection is lost.

Banner Image

ချန်ပီယံလိဂ်မှ ရီးရဲလ်မက်ဒရစ်အသင်း ထွက်ခွာခဲ့ရပြီးနောက် ခံစားချက်ကို ထုတ်ဖော်လာတဲ့ အာဒါဂူလာ

ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ အာဒါဂူလာက ဘိုင်ယန်မြူးနစ်ကိုရှုံးနိမ့်ခဲ့တဲ့ ဗုဒ္ဓဟူးညပိုင်းချန်ပီယံလိဂ်ပွဲစဉ်အပြီး လူမှုကွန်ရက်မှတဆင့် ပရိသတ်တွေေဆီ စကားဆိုလာခဲ့ပါတယ်။

အလိုင်းယန့်ဇ်အရီနာကွင်းမှာ အငြင်းပွားဖွယ်ရာတွေနဲ့အတူ ချန်ပီယံလိဂ်မှ ထွက်ခွာခဲ့ရပြီးနောက် ရီးရဲလ်မက်ဒရစ်ကစားသမားတွေဆီက တုံ့ပြန်မှု သိပ်မရှိခဲ့ပါဘူး။

အဲဒီပွဲစဉ်အပြီး တူရကီကွင်းလယ်လူက ကာမာဗင်ဂါအနီကတ်ပြခံရမှုအတွက် ဒိုင်လူကြီးတွေဆီ စောဒကတက်ခဲ့လို့ ပွဲပြီးချိန်မှာ အနီကတ်ပြစ်ဒဏ်နဲ့အတူ ထုတ်ပယ်ခံခဲ့ရပါတယ်။

လူမှုကွန်ရက်မှာ ဂူလာက "ဒါမျိုး မဖြစ်သင့်ခဲ့ပါဘူး၊ ကျွန်တော်တို့ တကယ်ကို စိတ်မကောင်းပါဘူး၊ ပြန်လာခဲ့ပါမယ်၊ ဟာလာမက်ဒရစ်!" လို့ ရေးသားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ်ပြိုင်ပွဲကိုလည်း ကွာတားဖိုင်နယ်အဆင့်မှ လက်ပြလိုက်ရပြီဖြစ်လို့ နှစ်နှစ်ဆက်ဆုဖလားလက်မဲ့ဘ၀နဲ့ အဆုံးသတ်ရဖို့ နီးစပ်လာပါတယ်။