ထိတ်လန့်စရာ ယာဉ်မတော်တဆမှုဖြစ်စဉ်ကြောင့် အာဆင်နယ်၊ ဂျူဗင်တပ်စ်နဲ့ လီဗာပူးဂန္တဝင်ကစားသမားဟောင်း မန်နင်ဂါ ကွယ်လွန်အနိစ္စရောက်
အခုသီတင်းပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဝမ်းနည်းဖွယ်မော်တော်ယာဉ်မတော်တဆမှုဖြစ်စဉ်ကြောင့် အသက် ၄၈ နှစ်အရွယ် မန်နင်ဂါ ကွယ်လွန်သွားခဲ့ပါတယ်။
သတင်းတွေအရ မန်နင်ဂါက ဆဲလ်ဘတ်မြို့ရထားလမ်းပိုင်းရဲ့ အစောင့်မရှိတဲ့ ရထားသံလမ်းကူးနေရာတစ်ခုမှာ သူစီးလာတဲ့ကားနဲ့ ဒေသတွင်းပြေးဆွဲနေတဲ့ မီရထားတစ်စီးတို့ တိုက်မိခဲ့ပြီးနောက် အသက်ဆုံးရှုံးစေလောက်တဲ့ မတော်တဆမှုတစ်ခုနဲ့ ကြုံတွေ့ခဲ့တယ်လို့ သိရပါတယ်။
၁၉၇၇ ခုနှစ်၊ ဇွန်လ၊ ဆဲလ်ဘတ်မြို့မှာ မွေးဖွားခဲ့တဲ့ သြစတြီးယားဂိုးသမားဟောင်းမန်နင်ဂါက အာဆင်နယ်အသင်းမှာ ငါးနှစ်ကြာကစားခဲ့ဖူးပြီး ၆၃ ပွဲအထိ ပါဝင်ကစားပေးခဲ့ပါတယ်။ သူက ၁၉၉၈ ခုနှစ်မှာ အာဆင်နယ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားနဲ့ FA ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
အဲဒီနောက် မန်နင်ဂါက ဂျူဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး ၂၀၁၁-၂၀၁၂ ဘောလုံးရာသီမှာ အီတလီစီးရီးအေချန်ပီယံဆု ရရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ လီဗာပူးအသင်းအတွက် ခေတ္တပါဝင်ကစားခဲ့ပြီး ဘောလုံးလောကမှ အပြီးအပိုင် အနားယူခဲ့ပါတယ်။
ဂိုးသမားမန်နင်ဂါက သြစတြီးယားလက်ရွေးစင်အသင်းအတွက် ၃၃ ပွဲ ကစားပေးခဲ့ပြီး ယူရို-၂၀၀၈ ပြိုင်ပွဲအတွက် အသင်းရဲ့ဒုတိယဂိုးသမားအဖြစ် လူစာရင်းမှာ ပါဝင်ခဲ့ပါတယ်။
ဒါ့အပြင် သူက ၂၀၁၆ ခုနှစ်မှာ အန်ဖီးလ်ဆီ ကာလတိုစာချုပ်နဲ့ ရောက်ရှိလာခဲ့ပြီး အဲဒီအချိန်က အဓိကဂိုးသမားတွေဖြစ်တဲ့ မစ်ဂနိုလတ်နဲ့ ကာရီးယက်စ်တို့အတွက် လိုအပ်တဲ့ အတွေ့အကြုံတွေ မျှဝေပေးဖို့နဲ့ အရန်ဂိုးသမားအဖြစ် အားဖြည့်ပေးဖို့ တာဝန်ယူခဲ့ပါတယ်။
ဒီဂိုးသမားနှစ်ဦးစလုံးက လီဗာပူးမှာ အထိုက်အသင့်အောင်မြင်ခဲ့ပြီး ကာရီးရက်စ်ဆိုရင် မန်နင်ဂါရဲ့ကွင်းနောက်ကွယ်ကူညီပံ့ပိုးမှုတွေကြောင့် ဆုဖလားဗိုလ်လုပွဲအတော်များများမှာ အောင်မြင်မှုတွေ အသီးသီးရရှိခဲ့ကြပြီး ကာရီးယပ်စ်ဆိုရင် ကွင်းနောက်ကွယ်က မန်နင်ဂါရဲ့ ကူညီပံ့ပိုးမှုတွေကြောင့် ဖလားဗိုလ်လုပွဲ အတော်များများမှာ ပရိသတ်တွေ အမှတ်ရနေမယ့် ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။
မန်နင်ဂါရဲ့ပထမဆုံးကလပ်အသင်းဖြစ်တဲ့ ရက်ဘူးလ်ဆဲလ်ဘတ်ကလည်း ကစားသမားဟောင်း ကွယ်လွန်သွားတဲ့သတင်းကို အတည်ပြုပေးခဲ့ပါတယ်။
"ယာဉ်မတော်တဆမှုကြောင့် ဝမ်းနည်းဖွယ်ကွယ်လွန်သွားခဲ့တဲ့ ကျွန်တော်တို့ရဲ့ ဂိုးသမားဟောင်း မန်နင်ဂါအတွက် များစွာစိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်တော်တို့ရဲ့ စိတ်အာရုံတွေက သူ့ရဲ့မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့အတူ ရှိနေပါတယ်။ ငြိမ်းချမ်းစွာ အနားယူပါတော့ မန်နင်ဂါ" လို့ ကလပ်အသင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။