ဘရစ္စတိုးစီးတီးအသင်းကို ရွိုင်းဟော့ဆန် တာဝန်ယူလိုက်လို့ အံ့အားသင့်နေတဲ့ လီဗာပူးနည်းပြဟောင်းယာဂန်ကလော့ပ်
လီဗာပူးလ်နည်းပြဟောင်းယာဂန်ကလော့ပ်က ဘရစ္စတိုးလ်စီးတီးအသင်းမှာ နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်တော့မယ့် ရွိုင်းဟော့ဆန်အတွက် ဝမ်းသာပီတိဖြစ်နေပါတယ်။
လီဗာပူး၊ ဖူလ်ဟမ်နဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့မှာ တာဝန်ယူခဲ့ဖူးတဲ့ အသက်-၇၈ နှစ်အရွယ်ရွိုင်းဟော့ဆန်က လွန်ခဲ့တဲ့သီတင်းပတ်မှာ ဘရစ္စတိုးစီးတီးအသင်းကို စတင်ကိုင်တွယ်ခဲ့ပါတယ်။
အံ့အားသင့်သွားတဲ့ ကလော့ပ်က "ရွိုင်းဟော့ဒ်ဆန်က ဘရစ္စတိုးစီးတီးရဲ့နည်းပြသစ်ဖြစ်သွားတယ်ဆိုတာ တကယ်လား။ သြဂုတ်လမှာ သူက အသက်-၇၉ နှစ် ပြည့်တော့မှာလေ။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းကတောင် ခင်ဗျားအိမ်မှာ စိတ်ညစ်စရာ တစ်ခုခုရှိနေလို့လားလို့ ကျွန်တော်မေးခဲ့သေးတယ်၊ အခုတော့ တကယ်ကို ရူးလောက်စရာပဲ။ ကံကောင်းပါစေဗျာ" လို့ BBC Sport ဆီ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ကလော့ပ်က "ဒါပေမဲ့ သူတို့က တန်းဆင်းဇုန်နဲ့ ၁၂ မှတ်တောင် ကွာနေတာပဲ မဟုတ်လား။ အဲဒီတော့ အနည်းဆုံးတော့ ဒါက ရွိုင်းဟော့ဆန်အတွက် သိပ်ပြီးခက်ခဲတဲ့အလုပ်တော့ မဟုတ်ပါဘူး။ ဘရစ္စတိုးမှာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပါဦး။ တချို့သူတွေအတွက်တော့ ဘောလုံးက ထာဝရပါပဲ၊ အဲဒီလိုပဲ ပြောပါရစေ" လို့လည်း ဆိုခဲ့ပါတယ်။