The network connection is lost.

Banner Image

ဘာစီလိုနာမှာ ဆက်နေနိုင်ဖို့အတွက် ကန်ဆယ်လို အနစ်နာခံမှုတွေ အများကြီး လုပ်ရဖို့ ရှိနေ

ဘာစီလိုနာအသင်းဟာ ဂျာအို ကန်ဆယ်လိုကို အသင်းမှာ ဆက်ပြီး ထိန်းသိမ်းထားချင်နေပါတယ်။

ပေါ်တူဂီ နောက်ခံကစားသမားဖြစ်သူ ကန်ဆယ်လိုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ အယ်လ်ဟီလယ်လ်အသင်းဆီကနေ ဘာစီလိုနာအသင်းဆီကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ လာရောက် ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။

မာကာသတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာစီလိုနာရဲ့ ရည်ရွယ်ချက်က ကန်ဆယ်လိုကို အသင်းမှာ ဆက်ထားဖို့ ဖြစ်ပါတယ်။ ကန်ဆယ်လိုကိုယ်တိုင်ကလည်း ဒါကို သိရှိထားပေမဲ့ အခြေအနေတွေကတော့ မလွယ်ကူနိုင်ဘူးဆိုတာကို သူ နားလည်ထားပါတယ်။

ဒီနောက်ခံလူဟာ အယ်လ်ဟီလယ်လ်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ် ကျန်ရှိနေသေးတာကြောင့် ဆော်ဒီကလပ်နဲ့ စာချုပ်သစ် ထပ်မချုပ်ဘူးဆိုရင် အငှားသက်တမ်းတိုးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ လောလောဆယ်မှာတော့ စာချုပ်သစ်ချုပ်ဖို့ကိစ္စကို ထည့်သွင်းစဉ်းစားခြင်း မရှိသေးပါဘူး။

ဒါ့အပြင် ဘာစီလိုနာအနေနဲ့ အပြောင်းအရွှေ့ကြေး ပေးချေရမယ်ဆိုရင်တော့ အခြေအနေက အခုထက် ပိုပြီး ရှုပ်ထွေးသွားပါလိမ့်မယ်။

အယ်လ်ဟီလယ်လ်အသင်းကတော့ ရာသီကုန်မှာ ကန်ဆယ်လိုကို လက်လွှတ်ဖို့အတွက် အနည်းဆုံး ယူရို ၈ သန်းလောက် အလိုရှိနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဘာစီလိုနာဘက်ကတော့ ကန်ဆယ်လိုကို သူ့ရဲ့ ကျန်ရှိနေတဲ့ ၁၂ လစာချုပ်သက်တမ်းကနေ အလွတ်ဖြတ်နိုင်ဖို့အတွက် ကိုယ်တိုင်ညှိနှိုင်းစေချင်နေတာပါ။

ဒါဟာ ကန်ဆယ်လိုအနေနဲ့ သူ့ရဲ့ လစာငွေ အမြောက်အမြားကို စွန့်လွှတ်ရမယ်လို့ ဆိုလိုတာဖြစ်ပြီး လက်ရှိမှာလည်း ကန်ဆယ်လိုဟာ ဘာစီလိုနာမှာ ဆော်ဒီကလပ်က ရရှိတဲ့ လစာရဲ့ သုံးပုံတစ်ပုံလောက်ကိုပဲ ရရှိနေတာ ဖြစ်ပါတယ်။