The network connection is lost.

Banner Image

မက်ဆီကို အသင်းကနေ ထွက်ခွာခွင့်ပြုခဲ့တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာ အခိုင်အမာဆို

၂၀၂၁ ခုနှစ်တုန်းက လီယွန်နယ်မက်ဆီကို စာချုပ်သစ် မကမ်းလှမ်းဖို့ ဆုံးဖြတ်ခဲ့တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာက အခိုင်အမာ ပြောကြားလိုက်ပါတယ်။

အဲ့ဒီအချိန်တုန်းက မက်ဆီကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ အစွမ်းကုန် မကြိုးစားခဲ့ဘူးဆိုပြီး ဘာကာနည်းပြဟောင်း ဇာဗီနဲ့ ဥက္ကဋ္ဌဟောင်း ဂျိုးဆက်မာရီယာ ဘာတိုမြူးတို့က လာပေါ်တာကို ဝေဖန်ပြစ်တင်ခဲ့ကြတာပါ။

ဒါပေမဲ့ လာပေါ်တာက El Pais သတင်းဌာနကို အခုလို ပြန်လည်ပြောပြခဲ့ပါတယ်။ "ကျွန်တော် ဆုံးဖြတ်ချက်တစ်ခု ချခဲ့ရတာပါ၊ အဲ့ဒီဆုံးဖြတ်ချက်က မှန်တယ်လို့လည်း ကျွန်တော် ထင်ပါတယ်။ ရလဒ်တွေကပဲ သက်သေပြနေတာပါ။ ကျွန်တော်တို့ အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေကို ပြန်လည်ကုစားနိုင်ခဲ့သလို ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ အသင်းတစ်သင်းကိုလည်း တည်ဆောက်နိုင်ခဲ့ပါတယ်။ ပြီးတော့ မျိုးဆက်သစ်အပြောင်းအလဲ လုပ်ဖို့အတွက်လည်း အချိန်တန်နေပါပြီ။"

"လီယိုက သူ့ရဲ့ ကစားသမားသက်တမ်း အဆုံးသတ်ပိုင်းကို ရောက်နေပြီဖြစ်သလို ကျွန်တော်တို့ကလည်း အသင်းသစ်တစ်သင်းကို တည်ဆောက်ဖို့ လိုအပ်နေပါပြီ။ လီယိုရဲ့ အကူအညီနဲ့ အသင်းသစ်တစ်သင်း တည်ဆောက်ချင်ခဲ့လားဆိုရင်တော့ ဟုတ်ပါတယ်၊ ကျွန်တော်တို့ ကြိုးစားခဲ့ပေမဲ့ မဖြစ်နိုင်ခဲ့ပါဘူး" လို့ ၎င်းက ဆိုပါတယ်။

သူက ဆက်ပြီးတော့လည်း "နောင်တစ်ချိန်မှာ လီယိုနဲ့ ဘာကာကြားက ဆက်ဆံရေးကတော့ လီယိုဖြစ်ချင်တဲ့အတိုင်း၊ ဘာကာဖြစ်ချင်တဲ့အတိုင်းပဲ ဖြစ်လာမှာပါ။ တစ်ချိန်ချိန်မှာတော့ သူတို့နှစ်ဦးရဲ့ အကျိုးစီးပွားချင်းက ပြန်လည်ဆုံစည်းကြဦးမှာပါ" လို့ ဖြည့်စွက် ပြောကြားသွားခဲ့ပါတယ်။