ဂိုးဒါဇင်ဝက်သွင်းယူကာ ရှုံးထွက်အဆင့်ဆီ တိုက်ရိုက်တက်လှမ်းသွားတဲ့ လီဗာပူး
လီဗာပူး ၆-၀ ကွာရာဘတ် (ပွဲပြီးရလဒ်)
အခုအန်ဖီးလ်ကွင်းပွဲစဉ်မှာ အိမ်ရှင်လီဗာပူးက ဧည့်သည်ကွာရာဘတ်ကို ဂိုးပြတ်အနိုင်ယူပြီး ချန်ပီယံလိဂ်နောက်ဆုံး-၁၆ သင်းရှုံးထွက်အဆင့်ဆီ တိုက်ရိုက်တက်လှမ်းသွားပါတယ်။ အခုပွဲစဉ်အတွက် သွင်းဂိုးတွေကို ပထမပိုင်းပွဲချိန်အတွင်း မက်အယ်လစ္စတာနဲ့ ဖလော်ရီယန်ဝစ်ဇ်၊ ဒုတိယပိုင်းပွဲချိန်အတွင်း မိုဆာလက်၊ အီကီတီကီ၊ မက်အယ်လစ္စတာနဲ့ လူစားဝင်ကစားသမားချီယေဆာတို့က ရယူပေးခဲ့ပါတယ်။ တဖက်မှာလည်း ဧည့်သည်ကွာရာဘတ်က သူတို့ရဲ့ထုံးစံအတိုင်း စိတ်ဓါတ်ကောင်းကောင်းဖြင့် ပြိုင်ဘက်ကိုတုံ့ပြန်ဖို့ကြိုးစားခဲ့ပေမယ့် အင်္ဂလန်မြေမှာတော့ အောင်မြင်မှုမရရှိခဲ့ပါဘူး။ ဒါပေမဲ့ အဇာဘိုင်ဂျန်ချန်ပီယံတွေအတွက် အမှတ်ပေးဇယားရပ်တည်မှုအဆင့်-၂၂ နေရာဖြင့် ပလေးအော့ဖ်ရှုံးထွက်အဆင့်မှာ ပါဝင်လာလို့ ကျေနပ်စရာအခြေအနေမျိုး ဖြစ်ခဲ့ပါတယ်။